Take Control ( ဘယ်လိုထိန်းချုပ်ပြီး ပြောင်းလဲကြမလဲ)​

ဒီအပြောင်းအလဲတွေဟာ လူတစ်ယောက်ချင်းစီကစပြီး ပြောင်းလဲကြရမှာဖြစ်ပါတယ်။ ဒါကြောင့်​ အောက်ကအချက်တွေကို လိုက်နာပြောင်းလဲပြီး ကိုယ့်ရဲ့ဘေးက သူငယ်ချင်းနဲ့ မိသားစုဝင်တွေကိုလည်း ပြောပြဖို့မမေ့ပါနဲ့။

အပြာရောင်စာတွေကိုနှိပ်လိုက်ရင် သက်ဆိုင်ရာ Link ကိုရောက်သွားမှာဖြစ်ပါတယ်။

1. Notification​ တွေကို ပိတ်ပစ်ပါ။

App တွေရဲ့အပေါ်မှာတွေ့ရတဲ့ နံပါတ်အနီရောင်လေးတွေဟာ ကျွန်တော်​တို့ရဲ့ Attention​ ရအောင်လုပ်ထားတာပါ။ အဲ့ဒီ Notification​ တွေအားလုံးကိုပိတ်ပစ်ပါ။ Delete Noti

  1. Setting ထဲမှာ Notifications ဆိုတာကိုရှာပြီး ပိတ်ပစ်ပါ။ တက်လာတဲ့ Notification​ တွေကို ဘယ်ဘက်ကိုဖိဆွဲလိုက်ရင် ပေါ်လာတဲ့ Manage Notification​ ဆိုတာကိုနှိပ်ပြီး Turn Off ကိုနှိပ်လိုက်ပါ။

2. Application​ တွေကို ဖျက်ပစ်ပါ။

ကိုယ့်ကို လုပ်လက်စအလုပ်ကနေ အာရုံလွဲစေတဲ့ Apps တွေ၊ စွဲလမ်းစေတဲ့ Apps တွေ၊ သတင်းအမှားတွေပြတဲ့ Apps တွေကို ဖျက်ပစ်ပါ။ Delete Apps

  1. Facebook​ အစား Signal messenger​ ကိုအသုံးပြုပြီး သူငယ်ချင်း​တွေကို message ပို့ပါ။ Signal ကို ဒေါင်းလုတ်ဆွဲရန်နှိပ်ပါ

  2. Tiktok ကိုဖျက်ပစ်လိုက်ပါ။ Marco Polo ကိုအသုံးပြုပါ

  3. Snapchat ကိုဖျက်ပစ်ပါ။ text message​ ကိုအသုံးပြုပါ။ ( ဒါက ပုံတွေ၊ Video တွေပို့လို့ရတဲ့ MMS ကို ဆိုလိုတာပါ။ ကျွန်တော်တို့နိုင်ငံက Operator တွေက MMS ပို့လို့ရမရ မသိပါဘူး။ အဲ့အတွက် Signal messenger ကိုအသုံးပြုစေချင်ပါတယ်။)​

  4. Instagram​ ကိုဖျက်ပစ်ပါ။ VSCO ကိုသုံးပါ

3. အချိန်ကိုအကျိုးရှိရှိအသုံးချရာမှာ ကူညီမယ့် App တချို့ကို အသုံးပြုပါ။

ကျွန်တော်တို့ဟာ နည်းပညာရဲ့ပြဿနာတွေကို နည်းပညာပိုသုံးပြီး ဖြေရှင်းမှာမဟုတ်ပါဘူး။ တချို့ App တွေကတော့ ဖြေရှင်းရာမှာအကူအညီပေးပါတယ်။ အခုပဲ Download ဆွဲပါ။ Useful apps 1. ဖုန်း screen တွေရဲ့ blue light ကိုဖယ်ပေးပြီး မျက်စိထိခိုက်မှုနည်းစေမယ့် Flux App ကို Download ဆွဲပြီး သုံးပါ။

  1. ဖုန်းကို အကျိုးရှိရှိသုံးအောင် ကိုယ့်ရဲ့အမူအကျင့်တွေကို လေ့လာပြီး ပြောင်းလဲအောင်ကူညီပေးမယ့် Moment App ကိုအသုံးပြုပါ

  2. Facebook​ Newsfeed​ မှာ စိတ်ရှုပ်စေတာတွေဖယ်ဖို့ ( For Chrome)​ Newsfeed Eradicator ကိုသုံးပါ

  3. ကိုယ့်ရည်မှန်းချက်တွေကို အမြဲအာရုံစိုက်နေစေဖို့ Flipd App ကိုသုံးပါ

  4. စိတ်ကြည်လင်အောင်နေစေဖို့ အထောက်အကူပြုတဲ့ Insight Timer App ကိုအသုံးပြုပါ

4. Online ပေါ်မှာ ကိုယ့်ကိုမကျေမနပ်ဖြစ်စေတဲ့ အရာတွေကို အမြစ်ပြတ်ရှင်းလင်းပါ။

ကျွန်တော်တို့ရဲ့ Click တစ်ချက်ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ( Angry/Like/Love reacts...)​ Vote ပေးတာနဲ့အတူတူပါပဲ။ ကိုယ့်ကို စိတ်ရှူပ်ပြီး မကျေမနပ်ဖြစ်စေတဲ့အရာတွေကို ဘာ react မှမပေးဘဲ ရှောင်ရှားပါ။ သူတို့ရဲ့ ထောင်ချောက်မှာမမိပါစေနဲ့။ No polarization​ 1. ကိုယ့်ကို မကျေမနပ်ဖြစ်စေတဲ့၊ ဒေါသထွက်စေတဲ့၊ အငြင်းပွားစေတဲ့ Facebook​ Groups တွေကို Unfollow လုပ်ပစ်ပါ။

  1. နိုင်ငံရေးအစွန်းရောက် အကြောင်းအရာတွေဖော်ပြတဲ့ Page တွေ၊ အငြင်းပွားစေတဲ့ Page တွေကို အခုပဲ Unfollow လုပ်ပစ်ပါ

  2. iunfollow ကိုသုံးပြီး ကိုယ့်ရဲ့ Twitter​ အကောင့်က ကိုယ့်ကိုစိတ်တို၊ စိတ်ရှုပ်စေပြီး သတင်းအမှားတွေဖြန့်တဲ့ bots တွေ၊ accounts​တွေကို unfollow လုပ်ပါ။

5. ကိုယ်နဲ့မတူတဲ့ အမြင်ရှိနေတဲ့သူတွေကို လက်ခံနိုင်ဖို့ကြိုးစားပါ။

Follow your inner voice

6. ကိုယ်ချင်းစာတရားထားပြီး သူတို့ကိုလက်ခံနားလည်ဖို့ ကြိုးစားပါ။

social media တွေဟာ လူတွေကိုအမုန်းတွေ၊ ဒေါသဖြစ်စေတဲ့စာတွေ ပုံတွေနဲ့ ပိုပြီးပိုက်ဆံရပါတယ်။ အမုန်းများစေတဲ့စာတွေ၊ video တွေဟာ လူတွေကိုပိုပြီး သုံးစေလို့ပါ။ Private message 1. ကိုယ်နဲ့အမြင်မတူတဲ့သူတစ်ယောက်ကို ဒေါသထွက်ပြီး ငြင်းခုန်ဖို့မကြိုးစားဘဲ သူတို့ရဲ့ အမြင်တွေကို နားလည်လက်ခံဖို့စိတ်ရင်းနဲ့မေးတဲ့ Private Message တစ်ခုပို့ပါ။ လူသားဆန်တဲ့စိတ်ကလေးမွေးဖို့ကြိုးစားပါ။

  1. ကျွန်တော်​တို့လူတွေအချင်းချင်း အမုန်းပွားဖို့ နောက်ကွယ်မှာ လူတွေ ထိန်းချုပ်နေတယ်ဆိုတာ အမြဲသတိထားပါ။

7. အကန့်အသတ်နဲ့သုံးပါ

ကျွန်တော်တို့ဟာ အိပ်ယာနိုးကတည်းက ဖုန်းတွေ၊ computer​ တွေအသုံးပြုကြပါတယ်။ တစ်ခါတစ်လေ ရေချိုးခန်းထဲမှာတောင် အသုံးပြုကြပါတယ်။ Alarm 1. မနက်ခင်းနဲ့ ညနေခင်းမှာ လုံးဝအသုံးမပြုမယ့် အချိန်အကန့်အသတ်တစ်ခုသတ်မှတ်ထားပါ။

  1. မိသားစုနဲ့ညစာစားချိန်မှာဖုန်းမသုံးပါနဲ့။ ညစာစားရင်း ပထမဆုံးဖုန်းကိုင်တဲ့သူ ပန်းကန်ဆေးရမယ့်ဂိမ်းတစ်ခု နေ့တိုင်းကစားပါ။

  2. ညအိပ်ခါနီးမှာ အိမ်ကဖုန်းတွေအားလုံးကို စုပြီး အိပ်ယာနဲ့ဝေးတဲ့ တစ်နေရာမှာ အားသွင်းပေးထားပါ။

  3. ဖုန်းနဲ့ Alarm မလုပ်ဘဲ သီးသန့် alarm နာရီတစ်လုံး ဝယ်ထားပါ။

8. တစ်ပတ်မှာ တစ်ရက် လုံးဝမသုံးဘဲနေပါ။

တစ်ပတ်မှာ တစ်ရက် ဖုန်းရော၊ social media တွေကိုရောလုံးဝ မသုံးပါနဲ့။ ဒါကိုသာ လူတိုင်းလုပ်မယ်ဆိုရင် Social Media တွေရဲ့အသုံးပြုနှုန်း 15% တောင်လျော့ကျသွားပြီး နည်းပညာ​ကုမ္ပဏီ​တွေကို သိသိသာသာတွန်းလှန်နိုင်ပါတယ်။ Full One Day Off 1. ရက်တစ်ရက်ရွေးပြီး အဲ့နေ့မှာ ဖုန်းလုံးဝမသုံးဘဲနေမှာဖြစ်ကြောင်း သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေကို ပြောပြထားပါ။ သူတို့ကိုလည်း အဲ့နေ့မှာ ဖုန်းမသုံးဖို့ တိုက်တွန်းပါ။

9. အကောင်းကိုပဲ ရွေးပြီးမှတ်ထားပါ။

လူကိုးယောက်က သင့်ကို အကောင်းမြင်ပြီးပေးထားတဲ့ comment တွေနဲ့ အပြစ်ပြောထားတဲ့ Comment တစ်ခုဆိုရင် ဘယ်ဟာကို အာရုံပိုစိုက်မိမလဲ။ ကျွန်တော်​တို့ရဲ့ ဦးနှောက်တွေဟာ အဆိုးကိုကွက်ပြီးမြင်တတ်ကြပါတယ်။ 1. အကောင်းမြင်ပြီးပေးထားတဲ့ comments တွေ၊ message တွေကို screenshot ရိုက်ပြီး သိမ်းထားပါ။ ကျန်တဲ့အရာတွေကိုမေ့ပစ်ပါ။

  1. ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို မျှဝေပါ။ ကိုယ့်ရဲ့သူငယ်ချင်းတွေကို Tribute ဒါမှမဟုတ်၊ Montage သုံးပြီး Special Video လေးပို့ပါ။

Social Media Platforms​ တွေနဲ့ နည်းပညာတွေရဲ့ စီးပွားရှာမှုပုံစံတွေကြောင့် ဖြစ်လာတဲ့ အန္တရာယ်​များ ကိုဖတ်ပါ

______________________