ဘာကြောင့်​ ကျွန်တော်​ ဒီ Blog ကိုရေးရလဲ​

The Social​ Dilemma​ ထွက်လာခဲ့တဲ့နောက်ပိုင်းမှာ Facebook,​ Instagram,​ Twitter,​Youtube,​ Snapchat,​ Google စတဲ့ နည်းပညာ Platforms တွေ အရည်အသွေးထက် လူပိုသုံးအောင်လုပ်ပြီးစီးပွားရှာနေတာကို နိုင်ငံတော်တော်များများ သတိထားမိသွားပါတယ်။ သီတင်းပတ်အနည်းငယ်အတွင်း နိုင်ငံတချို့မှာ Top Watched စာရင်းဝင်ဖြစ်လာပါတယ်။ ဒါပေမယ့်​ ကျွန်တော်​တို့နိုင်ငံမှာ Drama တွေလောက် စိတ်မဝင််စားကြတာ စိတ်မကောင်းဖြစ်မိပါတယ်။ လက်တစ်ဆုပ်စာလောက်ပဲ ဆွေးနွေးကြ၊ ဖြန့်ဝေကြတာကိုတွေ့ရပါတယ်။

ကျွန်တော်​တို့နိုင်ငံမှာ Facebook​ User တင် 223 သန်းခွဲရှိပါတယ်။ အဲ့ဒီလူတွေအားလုံးနီးပါးဟာ ဒီအကြောင်းတွေကိုမသိကြပါဘူး။ ဘာသာစကား အခက်အခဲလိုမျိုး အခက်အခဲရှိလို့ မသိကြတဲ့သူတွေများတာဖြစ်နိုင်သလို The Social​ Dilemma​ Documentary မှာပါတဲ့ နည်းပညာစကားလုံးတချို့နဲ့ သဘောတရားအချို့ကြောင့်လည်း သာမာန်လူအများစုအတွက် ခက်ခဲသွားတယ်လို့ထင်ပါတယ်။ ဒါကြောင့်​ ကျွန်တော်​က ဒီ Blog မှာ “Center for humane​ technology”​ ရဲ့ website က သိသင့်တာတွေကို သာမာန်လူတစ်ယောက်နားလည်ဖို့ တတ်နိုင်သမျှ အရိုးရှင်းဆုံးဖြစ်အောင် ရှင်းပြထားပါတယ်။ ဒါဟာ တစ်ခါတစ်လေ သိပ်အခက်တွေ့ရပါတယ်။ ဗမာလိုနားလည်ဖို့ ဘာသာပြန်ရတာဖြစ်တဲ့အတွက်ပါ။ ဒါကြောင့် အမှားအယွင်းပါသွားရင် ထောက်ပြပြီးဝေဖန်လို့ရပါတယ်။ ကျွန်တော်​ပြန်ပြင်ပေးပါ့မယ်။

ဒီ နာမည်ကြီး နည်းပညာ​ကုမ္ပဏီ​အများစုဟာ ကျွန်တော်​တို့နိုင်ငံမှာမရှိပါဘူး။ ဒီတစ်ချက်ကိုကြည့်ပြီး ကျွန်တော်​တို့နိုင်ငံနဲ့မသက်ဆိုင်ဘူး လို့ယူဆလို့မရပါဘူး။ ခံစားနေရတာက တစ်ကမ္ဘာလုံးဖြစ်တာကြောင့် နည်းပညာ​ကုမ္ပဏီ​တွေပြောင်းလဲဖို့ ပိုပြီးဖိအားပေးရာမှာ တတ်နိုင်သလောက် ဘယ်နိုင်ငံကမဆို ပါဝင်ဖို့လိုတယ်လို့ယူဆပါတယ်။ Covid-19​ ရောဂါအတွက် ဘယ်နိုင်ငံတစ်ခုတည်းမှာမှ ကွက်ပြီးတာဝန်မရှိဘဲ ကျွန်တော်​တို့နိုင်ငံတိုင်းမှာ ကိုယ်စီတာဝန်ရှိသလိုပါပဲ။

ကျွန်တော်​ ဒီ Blog ကနေ ဘာအကျိုးအမြတ်မှမရပါဘူး။ ဒီအပြောင်းအလဲတစ်ခုဖြစ်ဖို့ ပထမဆုံးအဆင့်ဟာ လူထုကို အသိပေးရတာပါ။ ဒါမှသာလူထုအင်အားသုံးပြီး နောက်တစ်ဆင့်တက်ပြီး မူဝါဒနဲ့ဥပဒေတွေ ထုတ်နိုင်မှာပါ။ ကျွန်တော့် Blog မှာပါတဲ့အကြောင်းအရာအားလုံးကို လွတ်လပ်​စွာ မျှဝေနိုင်ပါတယ်။

The Social​ Dilemma​ ကြည့်ရန်

The Social​ Dilemma​ ကို ဒေါင်းလုပ်ဆွဲရန် https://troo.tube/videos/watch/c895129b-4729-4f0d-ac89-1d64d25bb56d