Ledger of Harms (အန္တရာယ်သောင်းခြောက်ထောင်)​

အောက်မှာပြထားတဲ့ အချက်တွေဟာ မကောင်းမြင်စိတ်နဲ့ရေးထားတဲ့အရာတွေမဟုတ်ဘဲ သုတေသနပေါင်းများစွာ၊ စမ်းသပ်ချက်ပေါင်းများစွာအပါအဝင် သက်သေအထောက်အထားများစွာနဲ့ ဖော်ပြထားတဲ့ အမှန်တရားတွေဖြစ်တယ်ဆိုတာ အရင်ဆုံးသိစေချင်ပါတယ်။

နည်းပညာပစ္စည်းတွေ၊ Electronic​ devices တွေနဲ့ အထိန်းအချုပ်မရှိဘဲထိတွေ့မှုကြောင့်၊ ထိတွေ့မှူများတာကြောင့် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာရေရှည်ဆိုးကျိုးသက်ရောက်မှုတွေရှိပြီး ဦးနှောက်ဖွဲ့စည်းပုံကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့်​ ကလေးတွေဟာ စဥ်းစားတွေးခေါ်ပုံနဲ့ ပြဿနာဖြေရှင်းပုံတွေ၊ အမူအကျင့်တွေပါပြောင်းလဲသွားပါတယ်။