ပြဿနာက ဘာလဲ

နည်းပညာ​ကုမ္ပဏီ​တွေဟာ လူတွေကို ပိုသုံးအောင်လုပ်ပြီး အကျိုးအမြတ်ရှာကြတယ်။

လူတွေပိုသုံးဖို့အတွက် လူတွေရဲ့ Attention​ ပိုရလာအောင်လုပ်တယ်။

လူတွေရဲ့ Attention​ ပိုရဖို့အတွက် လူတွေပိုပြီးစွဲလမ်းလာအောင်၊ ပိုပြီးအစွန်းရောက်လာအောင်၊ ပိုပြီးစိတ်ဓါတ်ကျလာအောင် လုပ်လာတယ်။ ဘာကြောင့်လဲဆိုရင် လူတွေဟာ စိတ်ဓါတ်ကျတဲ့အခါ၊ အစွန်းရောက်တဲ့အခါ၊ ငြင်းခုန်ကြတဲ့အခါ ပိုပြီးသုံးချင်စိတ်ဖြစ်လို့ပါ။

ရလာဒ်ကတော့ အန္တရာယ်​သောင်း​ခြောက်​ထောင်​ ပါပဲ။ ကျွန်တော်​တို့ အချိန်မီ မဖြေရှင်းနိုင်ရင် ဒီအန္တရာယ်သောင်းခြောက်ထောင်ဟာ ဆက်လက်ကြီးထွားပြီး ကျွန်တော်​တို့ကို ဝါးမျိုသွားမှာပါ။

______________________