A better universe to live or Fediverse

Facebook လို social networks​တွေရဲ့ ဆိုးကျိုးတွေကို လူတွေသိလာတဲ့အခါ၊ သူတို့ရဲ့ privacy issues တွေကိုသတိပြုမိလာတဲ့အခါ ဆိုးကျိုးနည်းတဲ့ alternative social networks​ တွေဆီကို ရောက်လာကြပါတယ်။

Fediverse ဟာ ဒီလိုလူတွေကြားမှာနာမည်ကြီးပါတယ်။ Fediverse အကြောင်းမပြောခင် Fediverse​ ဟာ ဘာကြောင့်ကောင်းလဲသိစေဖို့နဲ့ Facebook,​ Instagram,​ Twitter​ တွေ ဆိုးကျိုးများရတဲ့အကြောင်း တိုတိုနဲ့နည်းနည်း ဆွေးနွေးပြပါမယ်။

1.Algorithmic social networks​ များဖြစ်ခြင်း

Facebook အပါအဝင် နာမည်ကြီး social networks​ တွေဟာ user တွေကို ပိုပြီးဆွဲဆောင်နိုင်ဖို့ algorithm တွေအသုံးပြုကြပါတယ်။ ကျွန်တော်တို့ရဲ့ personality နဲ့ behaviour ကို တောက်လျှောက်စစ်ဆေးပြီးကျွန်တော်တို့ရဲ့ Newsfeed တွေကို စီမံခန့်ခွဲတာ၊ ကြော်ငြာတွေအတွက်အသုံးပြုရာမှာ သုံးပါတယ်။ ဒါကြောင့် ပိုပြီးစွဲလန်းလာသလို တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်းဖြစ်လာပါတယ်။ ဒါ့အပြင် တစ်ယောက်ချင်းစီရဲ့ Newsfeed တွေမတူညီတော့တဲ့အတွက် အမြင်ကွဲပြားမှု polarization ပိုများလာတာတွေရှိလာပါတယ်။

2.Centralized ဖြစ်ခြင်း

facebook အပါအဝင် အောင်မြင်​နေတဲ့ social networks​ တော်တော်များများကို company တစ်ခုတည်း(အဖွဲ့အစည်း​တစ်ခုတည်း)​က ထိန်းချုပ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ data တွေကို သူတို့ပိုင်ပါတယ်။ ကျွန်တော်တို့အချက်အလက်တွေဟာ ကျွန်တော်တို့ကိုယ်တိုင်ဖျက်ရင်တောင် သူတို့ဆီမှာသိမ်းဆည်းထားနိုင်ပါတယ်။ ဒါကလည်း သက်သေတွေရှိပါတယ်။ တလောက Instagram user တစ်ယောက် သူ့ပုံကိုဖျက်ပေမယ့် သူ့ account​ Information တွေကို download ဆွဲကြည့်ရာမှာ မပျက်ဘူး ဆိုတဲ့သတင်း ထွက်လာပါသေးတယ်။

နောက်ပြီး ကျွန်တော်တို့ရဲ့ Data တွေအပါအဝင် ကျွန်တော်တို့ရဲ့ account​ တစ်ခုလုံးကို သူတို့ပိုင်ပါတယ်။ ဖြုတ်ချပစ်လို့လည်းရပါတယ်။ ဒါဟာ အဆင်အခြင်မဲ့ ကြောက်နေတာမဟုတ်ပါဘူး။

နောက်ပြီး ကျွန်တော်တို့ရဲ့ Data တွေနဲ့ သူတို့ဘာလုပ်နေတယ်၊ ဘာလုပ်မယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ Privacy​ Data Leak ဖြစ်တဲ့ သတင်းတွေ၊ ကျွန်တော်တို့ရဲ့ Data တွေကို အလွဲသုံးစား( misuse)​ လုပ်တဲ့သတင်းတွေထွက်ခဲ့ပါတယ်။ Cambridge Analytica​ Scandal က သက်သေပါပဲ။

ဒီအကြောင်း​ရင်း (2)​ ချက်ကြောင့် Facebook လို Algorithmic​ and Centralized social networks​ တွေဟာ ဆိုးကျိုးများရတာပါ။

Fediverse ဟာ ဒီအချက်နှစ်ခုစလုံးကို ပြေလည်စေတဲ့ အကောင်းဆုံးအဖြေပါ။

Main website​ ထဲဝင်ပြီးရင် server တစ်ခုရွေးပြီး sign​up လုပ်ရပါတယ်။ ပြီးရင် confirmation​ လုပ်ပြီးရင်ရပါပြီ။